Wednesday, October 1, 2014

ချစ်သူ-၅

ချစ်သူ...
မင်းဘ၀သာယာဖို့ဆိုရင်
ငါ့နှလုံးသားကိုချနင်းလိုက်ပါ
မင်းရဲ့မျော်လင့်ချက်ဆီကို
မရောက်မချင်းပေါ့.....
ငါ့ရင်ကွဲလည်းကွဲပါစေတော့
ငါ့ရင်ထဲမှာနင်ကရှိပြီးသားပဲ
ရယ်သံမဲ့နေတဲ့ဘ၀ထဲမှာ 
ငယ်သံပါအောင် မငိုချင်ပေတာ့ပါဘူး
ငါ့အချစ်ကပေးဆပ်ဖို့သက်သက်ပဲလေ။

No comments:

Post a Comment