တွေ့စကတည်းက
မင်းပုံရိပ်တွေ နှလုံးသားထဲ စွဲဝင်ခဲ့
ဆွဲနုတ်လို့မရဘူး
တိမ်တွေကြား နေ၀င်သွားပြီ
တားဆီးလို့မရဘူး
ရင်ခုန်သံကြား နင်ဝင်သွားပြီ
မေ့ပစ်လို့မရဘူး
မျက်နှာချင်းဆိုင်မှာ အကြည့်ချင်းဆုံပြီ
ရုန်းထွက်လို့မရဘူး
မင်းကိုဘယ်လောက်ချစ်ကြောင်း
ကိုယ်အရမ်းပြောချင်တယ်
ဒါပေမယ့်
ဘယ်အရာနဲ့မှ နှိုင်းဆလို့မရဘူး....။
(ဖြိုးဝေဦး)
No comments:
Post a Comment