ချစ်သူ............
Monday, January 26, 2015
အချစ်စစ်ကို ပိုင်ဆိုင်သူ
ဒီဘ၀မှာ မင်းနဲ့မဆုံခဲ့ရင်တောင်
မေ့ပစ်ဖို့ ဘယ်တုန်းကမှမတွေးပါဘူး
ဘာကြောင့်လဲဆိုတော့
နင်ကငါ့နှလုံးသားထဲကလာတဲ့
အချစ်စစ်ကိုပိုင်ဆိုင်သူဖြစ်နေလို့
သစ်ပင်အိုရဲ့အလွမ်းဒိုင်ယာရီ
ငှက်လေးတွေ အတောင်စုံလို့ 
ပျံသန်းသွားတဲ့အခါ
သစ်ပင်အိုရဲ့သစ်ကိုင်းခြောက်အဖြစ်နဲ့ 
အထိကျန်စွာ နေခဲ့ရမယ်ဆိုတာ
အစတည်းက သိပြီးသားပါ
ပင်အိုမှာ မနားလိုတော့လဲ
ငါ့မေတ္တာတွေကတော့
ခမ်းခြောက်မသွားပါဘူး
ငှက်ကလေးရယ်
ပျော်ရွှင်စွာပျံသန်းနိုင်ပါစေလို့ 
ဆုတောင်းနေပါ့မယ်
အမုန်းမရှိတဲ့ချစ်ခြင်းများစွာနဲ့ ပေါ့............
ပျံသန်းသွားတဲ့အခါ
သစ်ပင်အိုရဲ့သစ်ကိုင်းခြောက်အဖြစ်နဲ့ 
အထိကျန်စွာ နေခဲ့ရမယ်ဆိုတာ
အစတည်းက သိပြီးသားပါ
ပင်အိုမှာ မနားလိုတော့လဲ
ငါ့မေတ္တာတွေကတော့
ခမ်းခြောက်မသွားပါဘူး
ငှက်ကလေးရယ်
ပျော်ရွှင်စွာပျံသန်းနိုင်ပါစေလို့ 
ဆုတောင်းနေပါ့မယ်
အမုန်းမရှိတဲ့ချစ်ခြင်းများစွာနဲ့ ပေါ့............
Monday, October 6, 2014
ချစ်သူ(၉)
ချစ်သူ.....
တစ်မြေဆီခြားတို့ဝေးသွားလည်း
ရင်မှအချစ်ဟာဖြူ စင်နေဆဲပါ....။
ကံမဆုံလို့ ပြန်မတွေ့ဖြစ်ကြရင်လည်း
ငါ့ရင်ထဲမှာတော့ မင်းဟာ
ထာဝရရှင်သန်နေမှာပါ..........ချစ်သူရယ်။
တစ်မြေဆီခြားတို့ဝေးသွားလည်း
ရင်မှအချစ်ဟာဖြူ စင်နေဆဲပါ....။
ကံမဆုံလို့ ပြန်မတွေ့ဖြစ်ကြရင်လည်း
ငါ့ရင်ထဲမှာတော့ မင်းဟာ
ထာဝရရှင်သန်နေမှာပါ..........ချစ်သူရယ်။
Sunday, October 5, 2014
Thursday, October 2, 2014
ချစ်သူ-၈
ချစ်သူ....
နင့်ကြောင့်ငါငိုရမှာထက်
ငါကြောင့်နင်စိတ်ရှုပ်မှာကို ပိုကြောက်တယ်
နင့်ကြောင့်ငါပျော်ရမှာထက်
ငါကြောင့်နင် စိတ်မကောင်းဖြစ်မှာ
ပိုကြောက်တယ်.........။
နင့်ကြောင့်ငါ ခံစားရမှာထက်
ငါကြောင့်နင် နာကျင်ရမှာကိုမလိုလားဘူး
နင့်ကြောင့်ငါအချစ်ကိုနားလည်ခဲ့ပေမယ့်
ငါကြောင့်နင်အမုန်းဆိုတာကို
နားလည်သွားမှာကိုပိုကြောက်တယ်......ချစ်သူရယ်။
ဖြိုးဝေဦး(အ.ထ.က ဆိပ်ခွန်)
နင့်ကြောင့်ငါငိုရမှာထက်
ငါကြောင့်နင်စိတ်ရှုပ်မှာကို ပိုကြောက်တယ်
နင့်ကြောင့်ငါပျော်ရမှာထက်
ငါကြောင့်နင် စိတ်မကောင်းဖြစ်မှာ
ပိုကြောက်တယ်.........။
နင့်ကြောင့်ငါ ခံစားရမှာထက်
ငါကြောင့်နင် နာကျင်ရမှာကိုမလိုလားဘူး
နင့်ကြောင့်ငါအချစ်ကိုနားလည်ခဲ့ပေမယ့်
ငါကြောင့်နင်အမုန်းဆိုတာကို
နားလည်သွားမှာကိုပိုကြောက်တယ်......ချစ်သူရယ်။
ဖြိုးဝေဦး(အ.ထ.က ဆိပ်ခွန်)
ဆုံးရှုံးသွားမှာဆိုးလို့ပါ........
တစ်ခါတလေမှာ
နင့်ကိုမယုံ သင်္ကာဖြစ်မိတာ
နင့်ကိုမယုံကြည်လို့မဟုတ် ပါဘူး
နင်ဟာငါ့အတွက်အရေးပါ
အရာရောက်လွန်းလို့
ဆုံးရှုံးသွားမှာစိုးလို့ပါ......ချစ်သူရယ်။
ဖြိုးဝေဦး
နင့်ကိုမယုံ သင်္ကာဖြစ်မိတာ
နင့်ကိုမယုံကြည်လို့မဟုတ် ပါဘူး
နင်ဟာငါ့အတွက်အရေးပါ
အရာရောက်လွန်းလို့
ဆုံးရှုံးသွားမှာစိုးလို့ပါ......ချစ်သူရယ်။
ဖြိုးဝေဦး
Wednesday, October 1, 2014
မရဘူး
တွေ့စကတည်းက
မင်းပုံရိပ်တွေ နှလုံးသားထဲ စွဲဝင်ခဲ့
ဆွဲနုတ်လို့မရဘူး
တိမ်တွေကြား နေ၀င်သွားပြီ
တားဆီးလို့မရဘူး
ရင်ခုန်သံကြား နင်ဝင်သွားပြီ
မေ့ပစ်လို့မရဘူး
မျက်နှာချင်းဆိုင်မှာ အကြည့်ချင်းဆုံပြီ
ရုန်းထွက်လို့မရဘူး
မင်းကိုဘယ်လောက်ချစ်ကြောင်း
ကိုယ်အရမ်းပြောချင်တယ်
ဒါပေမယ့်
ဘယ်အရာနဲ့မှ နှိုင်းဆလို့မရဘူး....။
(ဖြိုးဝေဦး)
မင်းပုံရိပ်တွေ နှလုံးသားထဲ စွဲဝင်ခဲ့
ဆွဲနုတ်လို့မရဘူး
တိမ်တွေကြား နေ၀င်သွားပြီ
တားဆီးလို့မရဘူး
ရင်ခုန်သံကြား နင်ဝင်သွားပြီ
မေ့ပစ်လို့မရဘူး
မျက်နှာချင်းဆိုင်မှာ အကြည့်ချင်းဆုံပြီ
ရုန်းထွက်လို့မရဘူး
မင်းကိုဘယ်လောက်ချစ်ကြောင်း
ကိုယ်အရမ်းပြောချင်တယ်
ဒါပေမယ့်
ဘယ်အရာနဲ့မှ နှိုင်းဆလို့မရဘူး....။
(ဖြိုးဝေဦး)
Subscribe to:
Posts (Atom)