Monday, January 26, 2015

သစ်ပင်အိုရဲ့အလွမ်းဒိုင်ယာရီ

ငှက်လေးတွေ အတောင်စုံလို့ 
ပျံသန်းသွားတဲ့အခါ
သစ်ပင်အိုရဲ့သစ်ကိုင်းခြောက်အဖြစ်နဲ့ 
အထိကျန်စွာ နေခဲ့ရမယ်ဆိုတာ
အစတည်းက သိပြီးသားပါ
ပင်အိုမှာ မနားလိုတော့လဲ
ငါ့မေတ္တာတွေကတော့
ခမ်းခြောက်မသွားပါဘူး
ငှက်ကလေးရယ်
ပျော်ရွှင်စွာပျံသန်းနိုင်ပါစေလို့ 
ဆုတောင်းနေပါ့မယ်
အမုန်းမရှိတဲ့ချစ်ခြင်းများစွာနဲ့ ပေါ့............

No comments:

Post a Comment